28.8.09

ငယ်ငယ်တုန်းက ကဗျာ..

၎ တန်းလား ၅တန်းလား မမှတ်မိတော့ဘူး ကျောင်းမှာ သူငယ်ချင်းတစ်ယောက် တစ်ရက် ဆော့ရင်း ဘောင်းဘီပြဲသွားတယ်.. နာမည်ကော လူကော မမှတ်မိတော့ပါဘူး ဒါပေမယ် သူ ငါး လုံးဝမစားတာတော့ ကျွန်တော်သိတယ် အရိုးစူးမှာကြောက်လို့ဆိုပဲ.. အဲဒီနေ့ (သူ့ဘောင်းဘီနောက်ဖက်ကပြဲသွားတဲ့နေ့) ကျောင်းကအပြန်မှာ သူ့ကျောမှာ စာရေးပြီးကပ်ပေးလိုက်တယ် ကျွန်တော့်ဘ၀ရဲ့ ပထမဆုံး ကဗျာပေါ့..

ကျွန်တော်လူဟောင်း
ဘောင်းဘီကောင်းသည်
ရေငါးမစား
ပုဇွန်ဝါးသည်

အဲဒီလိုလို့ထင်တာပဲ.. ဟားဟား အဲဒီတုန်းက သူများကျောစာကပ်ရတာပဲ ပျော်နေတာ မတွေးခဲ့မိဘူး.. အသက်ကြီးလာလေ ပထမ ၂ ကြောင်းက ပိုမှန်လာပဲ ဘာတွေဘယ်လိုပြောင်းပြောင်း ဒီကိုယ်ကြီးကတော့ အဟောင်းကြီးနော့်..

18.8.09

Hypnotize

Why don't you ask the kids at Tiananmen Square
Was fashion the reason why they were there?
They disguise it, hypnotize it
Television made you buy it

I'm just sitting in my car and waiting for my...

She's scared that I will take her away from there
dreams that her country left her with no one there
Mesmerize the simple minded
Propaganda leaves us blinded..

I'm just sitting in my car and waiting for my girl..

11.8.09

Free Coke!

New Asia Bar

အေးဆေး

ကျွန်တော်အခုလ ကုန်ရင် အလုပ်ပြောင်းရတော့မယ်.. ပျော်သလိုလိုပဲ..

လွန်ခဲ့တဲ့ ၄နှစ်ခွဲလုံး ညဖက်တွေပဲ အလုပ်လုပ်တာများတယ်ဗျာ.. အဖေကပြောတော့ ကျန်းမာရေးထိခိုက်မယ်ဆိုပဲ.. ညလူကြီးဘ၀ကနေ နေ့လူလေးဘ၀ပြောင်းတော့မယ်.. ဒီကျွန်းက နေရောင်ကို အတော်မုန်း..

ဒရက်ကူလာလိုနေလာတာ အတော်ကြာပြီပဲ.. ဒရက်ကူလာဆိုလို့ ကျွန်တော် ဂျပန်ရယ် ဂျာမနီရယ်ပြီးရင် ရိုမေးနီယားကို အတော်သဘောကျတယ်ဗျ (ဖက်ဆစ်ကြီးသေလို့ ၀င်စားလားမသိ) အတိအကျပြောရရင် ထရန်ဆယ်ဗေးနီးယား ငယ်ငယ်တုန်းက အတော်နေချင်ခဲ့တဲ့ နေရာတွေပေါ့.. အခုတော့ အင်္ဂါဂြိုလ်ပဲမှန်းတော့တယ် လူတွေနဲ့အဝေးဆုံး ဟေးဟေး..

ရှားပါး




အဲဒီနေရာမှာ လူပြတ်တာ ရှားတယ်.. မိုးရွာနေလို့ပဲဖြစ်ရမယ်..

My Tabby..




ကြောင်တစ်ကောင် နှင့် လူတစ်ယောက်